Main menu

ဟင်္သာတမြို့နယ်တွင် မတ်ပဲဈေးနှုန်းများ ယာယီကျဆင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတမြို့နယ်သည် ပဲမျိုးစုံစိုက်ပျိုးရာဒေသအဖြစ် ထင်ရှားပြီး ဒေသခံတောင်သူများအနေဖြင့် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိသည်။ မတ်ပဲ သီးနှံ များကို ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကစိုက်ပျိုးထုတ်လုပ်ပြီး ဒေသတွင်း ဈေးကွက်များတွင် ရောင်းချလျက်ရှိသည်။ ဧပြီလ တတိယပတ်အတွင်း ဟင်္သာတမြို့နယ်တွင် မတ်ပဲရိုးရိုး တစ်တင်းလျှင် (၉၇,၀၀၀) ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၉၂,၅၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံ သီးနှံကုန်သည်များထံမှ သိရသည်။ ယခုအပတ်အတွင်း မတ်ပဲဈေးနှုန်းများသည် ယခင်အပတ်များနှင့်နှိုင်းယှဉ်ပါက အနည်းငယ် ကျဆင်းလာခြင်းဖြစ်ပြီး ဈေးကွက်ဝယ်လိုအား ယာယီနည်းပါးမှုကြောင့်ဟု သုံးသပ်ရသည်။

    ဟင်္သာတမြို့နယ်မှ ထွက်ရှိသော မတ်ပဲများကို ဒေသတွင်းသာမက ရန်ကုန်မြို့နှင့်ပဲခူးမြို့ များရှိ ကုန်စည်ဒိုင်များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ မတ်ပဲဈေးနှုန်းများ ပြန်လည် တက်ရောက်လာစေရန်အတွက် ဒေသခံတောင်သူများအနေဖြင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော စိုက်ပျိုးထုတ်လုပ်မှုများ ပြုလုပ်သင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များက အကြံပြု ထားသည်။

DOCA(ဧရာဝတီ)