Main menu

သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်း သည် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး ၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲများကို (၅.၆.၂၀၂၂ မှ ၁၆.၆.၂၀၂၂) ရက်နေ့အထိ ကျေးရွာ (၉)ရွာရှိ တောင်သူ (၅၉၄) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးအသိပညာပေးရာတွင် မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက် ၊ မျှော်မှန်း ချက်များ ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊     Online Shopping  လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရန် ၊ ရှောင်ရန် များ ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးများ၏ အန္တရာယ်များ၊ ထုတ်လုပ်ရက် ကုန်ဆုံးရက်များပါရှိသည့် သန့်ရှင်းလတ်ဆက်သော အစားအသောက်များကို ရွေးချယ် ဝယ်ယူစားသောက်ရန်၊ ကုန်စည် နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူ လျှင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center- CICC  )ကို ခရိုင်ဦးစီးမှူး ရုံးတွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် အလွယ်တကူတိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)