
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးရောင်းချသည့် ဈေးသည်များနှင့် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်လျက်ရှိရာတွင် မိသားစုစားဝတ်နေရေး အတွက် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ မုံညှင်းထုတ် ဈေးနှုန်းမှာ ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမ အပတ်တွင် မုံညှင်းထုတ် တစ်ပိဿာ လျှင်(၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ၂၅ကျပ်သား လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)