Main menu

ကျွန်းလှမြို့တွင် စိုက်ပျိုး ရောင်းချလျက်ရှိသည့် မေမြို့ပန်း ဈေးနှုန်းများ

Powered by Drupal

   မေမြို့ပန်းသည် မျိုးစိတ်အများကြီး ရှိသည့်အနက် မိမိတို့ဒေသ၏  ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးစိတ်များကိုသာ စိုက်ပျိုးကြပြီး  မေမြို့ပန်းသည် အဖြူရောင်၊ ကြက်သွေးရောင် ၊ ခရမ်းရောင် နှင့် ပန်းရောင် စသည့်ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် လှပစွာပွင့်သော ပန်းတစ်မျိုး ဖြစ်ပြီး လူကြိုက်အများဆုံးပန်းဖြစ်သည်။ မေမြို့ပန်းကို ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာအရ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ကပ်လှူပူဇော်ခြင်း၊  ဘာသာရေးပွဲများဖြစ်သည့် တရားပွဲများတွင် အလှပန်းထိုးခြင်း၊ တရားဟောပုလ္လင်များတွင် အလှဆင်ခြင်းနှင့် မင်္ဂလာဆောင်ပွဲ များတွင်  အောင်ပန်းအဖြစ် အသုံးပြုလေ့ရှိကြပါသည်။

   ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မေမြို့ပန်း ဈေးနှုန်းအနေဖြင့် မေမြို့ပန်း အက်စတာမျိုး(၃/၅)ပင်ပါ တစ်စီးလျှင်(၁၀၀၀)ကျပ်၊ (၁၀)စီး ပါတစ်ထုံးလျှင်(၈၅၀၀)ကျပ်တို့ဖြင့် ရောင်းချပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)