Main menu

ရာသီပေါ် သခွတ်ပွင့်ခြောက်များ စတင်ရောင်းချ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ရာသီစာ သခွတ်ပွင့်ခြောက်များကို ရွှေဘိုမြို့နယ်တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  သခွတ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွတ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၀၀၀၀)ကျပ်နှင့် လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင်(၁၀၀၀)ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး သခွတ်ပွင့်သည် လူကြိုက်များပြီး ဆေးဘက်ဝင်သော အပွင့်တစ်မျိုးဖြစ်သည့်အတွက် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)