
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သပြေပန်းကိုလည်းချိုးပြီး ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။
မြန်မာလူမျိုးတို့သည်စိတ်၏ စွဲလမ်းမှုဖြင့် သပြေပန်းကို အောင်ပန်းဟု ယူဆကာ အခြား သောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းကို ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ ထုံးတမ်း အစဉ်အလာအရ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ကပ်လှူပူဇော်ခြင်း၊ ဘာသာရေးပွဲများဖြစ်သည့် တရားပွဲများတွင် အလှပန်းထိုးခြင်း၊ တရားဟောပုလ္လင်များတွင် အလှဆင်ခြင်းနှင့် မင်္ဂလာဆောင်ပွဲ များတွင် အောင်ပန်းအဖြစ်အသုံးပြုခြင်း နှင့် ရှေ့တန်းပြန် တပ်မတော်သားများ ကြိုဆိုရာတွင်လည်း အသုံးပြုကြပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း သပြေပန်းအခက်တစ်စည်းလျှင်(၁၅၀၀)ကျပ်၊ သပြေပန်းအငုတ် အကြီး(၁)ငုတ်လျှင်(၅၀၀၀/၄၀၀၀)ကျပ်နှင့် သပြေပန်းအငုတ် အသေး(၁)ငုတ်လျှင် (၂၅၀၀/၃၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြိုက်များသော ပန်းဖြစ်သည့်အတွက် အရောင်း အဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူ များထံမှ သိရသည်။
DOCA(စစ်ကိုင်း)