Main menu

ကျွန်းလှမြို့နယ်ရှိ ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဈေးရောင်းချသည့် ဈေး သည်များနှင့် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်လျက်ရှိရာတွင် မိသားစုစားဝတ်နေရေး အတွက် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ် (ခေါ်) မုံလာထုတ်ကို ကန့်ဘလူဒေသထွက်၊ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများမှ ထွက်ရှိသည့် ဒေသထွက် များ နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း  ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၂၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အသေး တစ်ထုတ်လျှင်(၁၅၀၀/၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသော လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)