Main menu

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပုဂံပဲဈေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပုဂံပဲများကို မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဧပြီလ၊ လကုန်အပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ (၁)ပြည်လျှင်(၈၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင်(၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပုဂံပဲ(၁)ပြည်လျှင် (၆၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချ သည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့် သူများမှဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)