Main menu

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက်ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေး ဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  ဆူးပုတ်ရွက် (၁)စည်းလျှင် ၁၅၀ကျပ်၊ (၄)စည်းလျှင် ၅၀၀ကျပ်၊ ဆူးပုတ်ရွက်များကို ကျွန်းလှမြို့ပေါ်၊ ရှမ်းစုကျေး ရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း အကြော်ဆိုင်များမှ ဝယ်ယူအသုံးပြု သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)