Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသောရာသီစာ ဂွေးတောက်ရွက်ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေး ဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်ဂွေးတောက်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင်ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ (၁)ပုံလျှင် ၅၀၀ကျပ်၊ (၅)ပုံလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂွေးတောက်ရွက်များကို ကျွန်းလှမြို့ပေါ်၊ ရှမ်းစုကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)