Main menu

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော နှမ်းဈေးနှုန်း အခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် နှမ်းသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၃၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက နှမ်းဈေးနှုန်းများ မြင့်တက်လာကြောင်း၊ နှမ်းသီးနှံများကို  ဒေသတွင်းသီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များမှတဆင့် ကန့်ဘလူမြို့၊ မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)