Main menu

ပြည်ကုန်စည်ဒိုင် ပဲမျိုးစုံဈေးမြင့်တက်

Powered by Drupal

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ဇွန်လပထမပတ် မတ်ပဲ ပိဿာ၂၀ဝင် တစ်တင်းကို ၄၈၀၀၀-၄၈၄၀၀-၄၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒုတိယပတ်မှာ မတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၄၉၀၀၀-၄၉၅၀၀-၄၉၇၀၀-၅၀၀၀၀-၅၅၀၀၀ကျပ်ထိ ဈေးတက်လာခဲ့ပါသည်။ မတ်ပဲ ဈေးတက်နေသော်လည်း အရောင်းအဝယ်မှာ ပုံမှန်သာ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့်သာ ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်မှာ မတ်ပဲဈေးတက်နေပြီး ပိဿာ ၂၀ဝင် တစ်တင်းကို ၅၂၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

   မေလပထမပတ် ကုလားပဲသီးနှံဈေးမှာ ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၇၀၀၀-၄၇၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၉၀၀၀ကျပ်ဖြင့် မြို့တွင်းရောင်းဝယ်မှုနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မေလဒုတိယပတ်မှာ ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၈၀၀၀-၄၈၃၀၀-၄၈၅၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၉၀၀၀-၄၉၅၀၀-၅၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဇွန်ဒုတိယပတ်မှာ ပဲဈေးထပ်တက်လာပြီး ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၈၈၀၀-၄၉၀၀၀-၄၉၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၀၀၀၀-၅၀၅၀၀ ကျပ်ထိဈေးတက်လာခဲ့ပြီး မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်ဝယ်လက် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့်အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်တွင် ကုလားပဲဈေးအေးနေပြီး ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၉၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၅၀၅၀၀-၅၀၇၀၀ ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ပဲကြီးဈေးမှာ မေလ ပထမပတ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၅၀၀၀-၆၇၀၀၀-၇၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဒုတိယပတ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၇၀၀၀-၇၀၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး ရန်ကုန်ဝယ်လက်နှင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၇၀၀၀၀ကျပ်ဈေးဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

          မေလပထမပတ်မှာ စားတော်ပဲ (ကျွန်း)သီးနှံတစ်တင်းကို ၈၃၀၀၀-၈၅၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်မှာ ပဲတစ်တင်းကို ၈၃၀၀၀-၈၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် မြို့တွင်း အရောင်း အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်တွင် စားတော်ပဲ(ကျွန်း)ဈေးတက်နေပြီး ပဲတစ်တင်းကို ၈၇၀၀၀-၉၀၀၀-၉၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

          မေလပထမပတ် ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်မှာတော့ ဘိုကိတ်ပဲဈေးအေးနေပြီး တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဇွန်လတတိယပတ်မှာ ဘိုကိတ်ဈေးအေးနေပြီး ပဲတစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် အိန္ဒိယပဲဈေးတက်၍ မတ်ပဲဈေးတက်နေပြီး ကုလားပဲ အရောင်း အဝယ်မှာ မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ စားတော်ပဲ (ကျွန်း)ဈေးမှာလည်း ယခုတစ်ပတ်တက်နေပြီး ပဲကြီး(ရွှေကျွန်း)နှင့် ဘိုကိတ်ဈေးမှာ အေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)