Main menu

ကျွန်းလှမြို့နယ်ဒေသထွက် မေမြို့ပန်းများ လူကြိုက်များ၍ အရောင်းသွက်

Powered by Drupal

     မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင် ၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိသည်။

     ယခုအခါ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မေမြို့ပန်းများထွက်ရှိကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ရှမ်းစုကျေးရွာတွင်စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေးသို့ လာရောက်ရောင်းချကြောင်း၊ မေလ ပထမပတ်အတွင်း မေမြို့ပန်း(၃)ပင်ပါတစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင် (၉၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း လူကြိုက်များသောပန်း ဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)