Main menu

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

         ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၇၉၅၀၀)၊ ကုလားပဲ ဟော်လန်(၁)တင်းလျှင် ကျပ်(၇၇၅၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၀၄၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၉၈၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ကျပ်(၉၆၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၇၀၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၉၇၅၀၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၇၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်ဧပြီလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ကုလားပဲဟော်လန် ကျပ်(၁၅၀၀)၊ ကုလားပဲ(929) ကျပ်(၂၅၀၀)၊ မြေပဲလုံးဆံ(နီ) ကျပ်(၅၀၀)၊ မြေပဲလုံးဆံ(ဖြူ) ကျပ်(၅၅၀)၊ မြေပဲအောက်ကျဆီဆံ ကျပ် (၃၀၀)၊ စားတော်ပဲ ကျပ်(၂၈၀၀၀)ဈေးမြင့်တက်ခဲ့ကြောင်း၊ တင်ပို့မှုအနေဖြင့် မကွေးမြို့မှမန္တလေး မြို့သို့ ပဲကြီးအိတ်ရေ(၅၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၁၀၀၀)၊ ပဲစဉ်းငုံအိတ်ရေ(၇၅၀)၊ မတ်ပဲ အိတ်ရေ (၁၀၀၀)ခန့်နှင့် ပဲခူးမြို့သို့ ကုလားပဲအိတ်ရေ(၁၅၀၀) တင်ပို့ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)