Main menu

ဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်၏ တတိယ သုံးလပတ်ကာလတွင် အမြတ်ငွေ ၅၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့် BSRM

Powered by Drupal

ဘင်္ဂလားဒေ့ရှ် သံမဏိပြန်လှိမ့်စက်ရုံ BSRM သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ တတိယသုံးလပတ်ကာလတွင် ၎င်းတို့၏ အမြတ်ငွေများသည် သိသိသာသာ မြင့်တက်မှုများ ရှိခဲ့ကြောင်း သိရပါသည်။ BSRM ၏အမြတ်ငွေများသည် ယခင်နှစ်ထက် အမြတ်ငွေ tk ၂၂၆.၀၂ ကုဋေ၊ ၅၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့၏ ရှယ်ယာတစ်ခုချင်း ဝင်ငွေ (EPS) သည် ယခုနှစ်အစောပိုင်းကာလနှင့်နှိုင်းယှဥ်လျှင် ယခုနှစ်အစောပိုင်းသုံးလ ကာလတွင် tk ၄.၉၂ မှ tk ၇.၅၇ အထိ မြင့်တက်ခဲ့ကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော ဒါကာစတော့လဲလှယ်‌ရေး (DSE) ၏ ထုတ်ပြန်ချက်အရ သိရပါသည်။ BSRM ၏ ရှယ်ယာများသည် tk ၇၃၊ ၆.၁၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း ၎င်း၏ EPS သည် ယခင်နှစ်ထက် tk ၁၄.၃၁ မှ tk ၁၁.၁၇ အထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ BSRM ၏ လုပ်ငန်းလည်ပတ်ဝင်ငွေ (NOCFPS) သည် tk ၁၆.၉၀ မှ tk ၂၉.၅၅ အထိ မြင့်တက်ခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီ၏ NOCFPS မြင့်တက်ခြင်းသည် ဖောက်သည်များထံမှ ငွေသားရရှိမှုမြင့်တက်ခြင်းနှင့် အမြတ်ငွေများမြင့်တက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီ၏ ရှယ်ယာများကို စပွန်ဆာများ နှင့် ဒါရိုက်တာများက ၄၇.၁၂ ရာခိုင်နှုန်း၊ အဖွဲ့အစည်းရင်းနှီးမြှုပ်နှံသူများက ၁၅.၅၃ ရာခိုင်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ က ၁၇.၁၃ ရာခိုင်နှုန်း နှင့် ပြည်သူလူထုက ၂၀.၂၂ ရာခိုင်နှုန်း စသဖြင့် အသီးသီးကိုင်ဆိုင်ထား ကြောင်း သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)