
Marico Bangladesh ၏ အမြတ်ဝင်ငွေများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေမြင့်တက်ခြင်းနှင့် ဘဏ္ဍာငွေများကြောင့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီက ၎င်းတို့၏ အမြတ်ငွေများသည် ယခင်နှစ်ထက် tk ၅၉၀.၆ ကုဋေခန့် ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ စားသုံးသူများအား ကုန်စည်အမြန်ဆုံးဝန်ဆောင်မှုပေးနေ သည့် အဆိုပါ ကုမ္ပဏီသည် ယခင်နှစ်နှင့် နှိုင်းယှဥ်လျှင် tk ၁၆၃၀.၉၃ ကုဋေခန့် ၁၂ ရာခိုင်းနှုန်း အထိ မြင့်တက်ခဲ့ကြောင်း ၎င်းတို့၏ ဘဏ္ဍာရေး ထုတ်ပြန်ချက်အရ သိရပါသည်။ ၎င်း၏ ဘုတ်အဖွဲ့ ညွှန်ကြားရေးမှုးသည် ကုမ္ပဏီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းငွေသား ရှယ်ယာပေးချေမှု ၃၈၄၀ ရာခိုင်နှုန်းအတွက် အနည်းဆုံး ၁၉၅၀ ရာခိုင်နှုန်း သို့မဟုတ် ရှယ်ယာတစ်ခုလျှင် tk ၁၉၅ နှုန်းဖြင့် ပေးချေရမည်ဖြစ်ကြောင်း အကြုံပြုထောက်ပြခဲ့ပါသည်။ ၎င်းတို့၏ ရှယ်ယာတစ်ခုချင်းဝင်ငွေ (EPS) သည် ဘဏ္ဍာငွေတိုးလာခြင်းများ၊ အမြတ်ငွေများမြင့်တက်လာခြင်း နှင့် ဝင်ငွေမြင့်တက်ခြင်းများကြောင့် ယခင်နှစ်ကာလထက် tk ၁၄၆.၂၃ မှ tk ၁၈၇.၄၉ အထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် ၎င်း၏ လုပ်ငန်းလည်ပတ်ဝင်ငွေသည် ပြီးခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကာလနှင့် နှိုင်းယှဥ်လျှင် tk ၁၉၅.၂၅ မှ tk ၁၄၆.၂၃ အထိ ကျဆင်းသွားကြောင်း သိရပါသည်။ ၎င်း၏ ရှယ်ယာတစ်ခုချင်း ပိုင်ဆိုင်မှုတန်ဖိုးသည်လည်း တစ်နှစ်ထက်တစ်နှစ်ထက် ကျဆင်းခဲ့ကြောင်း သိရပါသည်။ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်သော ဒါ့ကာစတော့လဲလှယ်ရေးအဖွဲ့ (DSE) ၏ ထုတ်ပြန်ချက်များအရ Marico ကုမ္ပဏီ၏ ရှယ်ယာများသည် tk ၂၅၄၁.၂ ခန့် ၂.၁၅ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။
Source: The Daily Star
DOCA(ရန်ကုန်)