Main menu

ပထမသုံးလပတ်ကာလတွင် UnionBank ၏ဝင်ငွေများ ပီဆို ၁.၄ ဘီလီယံအထိရောက်ရှိ

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၏ UnionBank သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလတွင် ၎င်းတို့၏ အသားတင်ဝင်ငွေ သည် တစ်ကြိမ်သုံးအသုံးစရိတ်များ မြင့်တက်ခြင်းကြောင့် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ Aboitiz-led Bank ၏အစီရင်ခံစာအရ လက်အောက်ခံကုမ္ပဏီမှ  အခွန်စာရင်းဖျက်သိမ်းခြင်းများနှင့် တစ်ခါသုံးအသုံးစရိတ်များ မြင့်တက်ခြင်းကြောင့် ကုမ္ပဏီ၏ အသားတင်ဝင်‌ငွေများသည် ယခင်နှစ်ပထမသုံးလပတ်ကာ လ   နှင့်နှိုင်းယှဥ်ရာတွင် ပီဆို ၂ ဘီလီ ယံမှ ပီဆို ၁.၄ ဘီလီယံ အထိကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းမှုများရှိခဲ့သော်လည်း UnionBank ၏ ဘဏ္ဍာရေးအရာရှိ Manuel Lozano ဆိုသူက ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများသည် ဖောက်သည်များ ဆက်လက်ရရှိနေမှု နှင့် အခကြေး‌ငွေအခြေပြု ဝင်ငွေများ မြင့်တက်များကြောင့် ဆက်လက်ကောင်းမွန်နေဆဲဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့ဝင်ငွေများသည် ဖောက်သည်များအတွက် ငွေချေးလုပ်ငန်းကြီးထွားလာခြင်းများ၊  အတိုးအမြတ်တိုင်းတာမှု တိုးတက်မှုများ နှင့် အခကြေးငွေစီမံခန့်ခွဲမှုများ အားကောင်းလာမှုများကြောင့် တစ်နှစ်ထက် တစ်နှစ် ပီဆို ၁၉.၄ ဘီလီယံခန့် ၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သုံးစွဲသူ ချေးငွေသည် စုစုပေါင်းချေးငွေအစု၏ ၆၂ ရာခိုင်နှုန်းခန့်ဖြစ်ပြီး ပျမ်းမျှစက်မှုလုပ်ငန်းများထက် ၃ ဆများပြားလျက်ရှိကြောင်း သိရပါသည်။ အဆိုပါသုံးစွဲသူချေးငွေများပြားလာခြင်းသည် အကြွေးဝယ်ကတ်များ၊ ကိုယ်ပိုင်ချေးငွေများ နှင့် ဆရာများ၏ချေးငွေများ တောင်းဆိုမှု မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ မတ်လအကုန်တွင် UnionBank ၏ သုံးစွဲသူစာရင်းသည် ၁၇.၆ သန်းခန့်ရှိကြောင်း သိရပါသည်။ ၎င်း၏ အသားတင် အရင်းအမြတ်သည် သုံးစွဲသူချေးငွေ အရင်းအမြတ်များခြင်း နှင့် ဘဏ္ဍာရေးကုန်ကျမှုနည်းခြင်း များကြောင့် ၆.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။ ထို့အပြင် အခကြေးငွေ အခြေပြုဝင်‌ငွေသည် ပီဆို ၃.၇ ဘီလီယံခန့် ၂၁.၃ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ၎င်း၏ အခ‌ ကြေးငွေနှင့် စုစုပေါင်းပိုင်ဆိုင်မှု အချိုးအစားကို ၁.၃ ရာခိုင်နှုန်း မြင့်တင်နိုင်ခဲ့‌ကြောင်း သိရပါသည်။ UnionBank သည် အကြွင်းအကျန်ဝင်ငွေကောင်းမွန်မှုသည် တစ်ခါသုံးစာရိတ် မြင့်တက်ခြင်းများ နှင့် အခွန်စာရင်းဖျက်သိမ်းခြင်းများကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက် များကို လျော့ပါးစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Philstar

DOCA(ရန်ကုန်)