Main menu

ဒစ်ဂျစ်တယ်ကဏ္ဍအတွက်ဒေါ်လာသန်း ၇၀၀ ရင်းနှီးမြှုပ်နှံမှုကတိပြုချက်အား ပါကစ္စတန် ဝန်ကြီးချုပ်မှကြိုဆို

Powered by Drupal

     ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif သည် နိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍတွင် စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်ကို အင်္ဂါနေ့တွင်ကြိုဆိုခဲ့ပြီး ၎င်းတို့ အား ပါကစ္စတန်၏ စီးပွားရေးအပေါ် ယုံကြည်မှု၏ အပြုသဘောဆောင်သည့် လက္ခဏာအဖြစ်ဖော်ပြ ခဲ့သည်။ အစ္စလာမာဘတ်မြို့တွင် ကျင်းပသည့် Digital Foreign Direct Investment Forum 2025 တွင်းပြောကြားရာတွင် ပါကစ္စတန်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများနှင့် နှစ်ဖက်လုံးကပြုလုပ်ခဲ့သည့် ကတိကဝတ်များသည် စိတ်ဝင်စားမှုမြင့်တက်လာခြင်းကို ‌‌ဖော်ပြနေကြောင်းပြောကြားခဲ့သည်။ စီးပွားလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်၊ ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံနှင့် ကမ္ဘာ့စံချိန်စံညွှန်းများနှင့်အညီ ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် ရင်းနှီးမြှုပ် နှံသူများအဆင်ပြေချောမွေ့စေရန် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့သည်။ ဆန်းသစ်တီ ထွင်မှု၊ ပေါင်းစပ်မှုနှင့် နည်းပညာ၏ အရေးပါမှုကို အလေးပေးသည့် အနေဖြင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုသည် ပါကစ္စတန်၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် အတွက်ထိန်တန်းဦးစား‌ပေးဖြစ်ကြောင်း Sharif မှ ပြောကြားခဲ့သည်။ ဖိုရမ်တွင် အစိုးရအရာရှိများ နိုင်ငံခြားမှကိုယ်စားလှယ်များနှင့် စက်မှုလုပ်ငန်းဆိုင်ရာ သက်ဆိုင်သူများတက်ရောက်ခဲ့ပြီး IT ဝန်ဆောင်မှု များ၊ Fintech၊ e-commerce နှင့်ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကဲ့သို့ သော ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများကို စူးစမ်းလေ့လာရန် အာရုံစိုက်ခဲ့သည်။

Source : Xinhua     

DOCA(ရန်ကုန်)