Main menu

ပထမသုံးလပတ်ကာလတွင် PAGCOR ၏ဝင်ငွေများ ပီဆို ၂၈ ဘီလီယံအထိမြင့်တက်လာ

Powered by Drupal

     နိုင်ငံပိုင် ဖိလစ်ပိုင်ဖျော်ဖြေမှုနှင့် ဂိမ်းကော်ပိုရေးရှင်း (PAGCOR) ၏ဝင်‌ငွေများသည် ပထမ သုံးလပတ်ကာလတွင် စွမ်းဆောင်ရည်များအားကောင်းလာသည့်အတွက် ပီဆို ၂၈ ဘီလီယံခန့် ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ PAGCOR ၏ထုတ်ပြန်ချက်များ အရ ယခုနှစ်  ပထမသုံးလပတ်ကာလတွင် ၎င်း၏ ဝင်ငွေများသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်လျှင် ပီဆို ၂၅.၂၄ ဘီလီယံမှ ပီဆို ၂၈.၀၇ ဘီလီယံ အထိ ၁၁.၂ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ ၎င်း၏ပထမသုံးလပတ်ကာလဝင်ငွေသည် အစိုးရ ရည်မှန်းထားသော ပီဆို ၂၆.၈၈ ဘီလီယံထက် ၄.၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်း၏ အဓိကဝင်‌ငွေအရင်းအမြစ်များကို ဂိမ်းလုပ်ငန်းလည်ပတ်ရေးနှင့် လိုင်စင်ကြေးများမှ ပီဆို ၂၅.၅၃ ဘီလီယံခန့် ၉၁ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။ ကျန်ရှိနေသာ ပီဆို ၂.၅ ဘီလီယံခန့်ကို တစ်ခြားဝင်ငွေလမ်းကြောင်းများဖြစ်သော ဝန်ဆောင်မှုကြေးများနှင့် လုပ်ငန်းဝင်ငွေများမှ ရရှိခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် ၎င်း၏ အသုံးစရိတ်များသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်လျှင် ပီဆို ၇.၃၆ ဘီလီယံမှ ပီဆို ၆.၂၂ ဘီလီယံ အထိ ၁၅.၅ ရာခိုင်နှုန်းခန့်ကျဆင်းသွားပြီး အစိုးရရည်မှန်းထားသော ပီဆို ၈.၂ ဘီလီယံထက် လျော့နည်းနေကြောင်း သိရပါသည်။ ထိုသို့ ကျဆင်းမှုများသည် ပြုပြင်ထိန်းသိမ်းမှုများ နှင့် တစ်ခြားလုပ်ငန်းလည်ပတ်ရေး အသုံးစရိတ်များကြောင့် ပီဆို ၂ ဘီလီယံခန့် ၂၃ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပြီး ကိုယ်ပိုင်ဝန်ဆောင်မှုများကြောင့် ပီဆို ၃.၃၉ ဘီလီယံခန့် ၂၀ ရာခိုင်နှုန်းအထိ လျော့ ကျခဲ့ကြောင်း သိရပါသည်။ နိုင်ငံတော်တည်ဆောက်ရေးများအတွက် ထောက်ပံ့ကြေးများ နှုတ်ယူ ပြီးနောက် ၎င်း၏ အသားတင်ဝင်ငွေသည် ယခင်နှစ်ထက် ပီဆို ၃.၄၃ ဘီလီယံမှ ပီဆို ၄.၂၂ ဘီလီယံ အထိ ၂၃ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ PAGCOR သည် ပြည်တွင်းဝင်ငွေဗျူရို နှင့် အကောက်ခွန်ဗျူရို ပြီးနောက်တွင် ဖိလစ်ပိုင်နိုင်ငံတွင် တတိယအကြီးဆုံးထောက်ပို့သည့် ဘဏ္ဍာ‌ရေးဗျူရိုဖြစ်ကြောင်း သိရပါသည်။

Source: Philstar     

DOCA(ရန်ကုန်)