
SM Prime ကုမ္ပဏီသည် Pasay မြို့တွင် ၎င်း၏ဆောင်ရွက်နေဆဲ မြေယာဖော်ယူခြင်း စီမံကိန်းအတွက် ယခုနှစ်တွင် ပီဆို ၂၅ ဘီလီယံခန့် သုံးစွဲတော့မည်ဖြစ်ကြောင်း သိရပါသည်။ SM Prime ၏ ဥက္ကဌ Jeffrey Lim က ကုမ္ပဏီသည် ရေပြင်ညီစတင်မှုနှင့်အတူ သဲလောင်းခြင်းကို ယခုနှစ် အကုန်တွင် အဆုံးသတ်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါ စီမံကိန်းသည် အဆောက်အအုံလုပ်ငန်းများစတင်ရန် အမြန်ဆုံး အဆုံးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ယခုအခါတွင် အဆိုပါမြေယာဖော်ယူခြင်းစီမံကိန်းကို Pasay 360 ဟုခေါတွင်ပြီး ၎င်းစီမံကိန်းသည် SM Prime ၏အသွင်ကူးပြောင်းပေါင်းစည်ထားသော အိမ်ခြံမြေ ဖွံ့ဖြိးတိုးတက် မှု တစ်ခုဖြစ်ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် မြို့တွင်း၌ လျှပ်စစ်ချိတ်ဆက်မှုများ၊ ရေရှည်တည်တံ့မှုများ၊ လူနေမှုအဆင့်အတန်း၊ ခရီးသွားလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးများ တွင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်း သိရပါသည်။ SM Prime ၏ သဘာပတိ Henry Sy Jr. က အဆိုပါ မြေယာဖော်ယူခြင်းစီမံကိန်းသည် ၎င်းကုမ္ပဏီ၏ အိမ်ခြံမြေ ဖွံ့ဖြိုးမှု တည်ဆောက်ရေးလုပ်ငန်းများတွင် လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ပြသနေခြင်း ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဆေးရုံများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ပြတိုက်များ နှင့် ညီလာခံစင်တာများ ပါဝင်ကြောင်း သိရပါသည်။ ၃၆၀ ဟက်တာ ကျယ်ဝန်းသော အဆိုပါစီမံကိန်းကို SM Prime သည် Pasay မြို့အစိုးရဌာနများ နှင့်ဆောင်ရွက်နေ ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် Mall of Asia (MOA) နှင့် ချိတ်မည်ဖြစ်ပြီး ကမ္ဘာ့အဆင့်စျေးဝယ်စင်တာများ၊ ရုံးခန်းများ၊ လူနေအိမ်များ၊ ဖျော်ဖြေရေးကွင်းများ၊ ကြယ်ငါးပွင့် ဟိုတယ်များ နှင့် ညီလာခံစင်တာများ ပါဝင်ဖြစ်ကြောင်း သိရပါသည်။
Source: Philstar
DOCA(ရန်ကုန်)