Main menu

ယခုလာမည့် Eid တွင် အစိုးရက အမဲသားတင်သွင်းရန် ခွင့်မပြု

Powered by Drupal

          ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် ပြည်တွင်းတွင်လိုအပ်သောအင်အားထက် တိရိစ္ဆာန် ထောက်ပို့မှုများမြင့်တက်နေခြင်းကြောင့် ယခုလာမည့် Eid-ul-Azha တွင် အမဲတင်သွင်းမှုများ ခွင့်မပြုတော့ကြောင်း ငါးလုပ်ငန်းနှင့် တိရိစ္ဆာန်မွေးမြူရေး အကြံပေး Farida Akhter အဆိုအရ  သိရပါသည်။

 ၎င်းသည် သတင်းစာရှင်းလင်းပွဲ၌ အသားတိုးနွားနှင့် ကျွဲအကောင်ရေ   ၅၆ သိန်းအပါ အဝင် တိရိစ္ဆာန်ပေါင်း ၁.၂၄ ကုဋေခန့် ယခင်နှစ်အတွက် ပူဇော်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ထို့အပြင် Farida က “၎င်းတို့အနေဖြင့် ယခုနှစ်အတွက် အမဲကောင်ရေ ၂၀.၆၈ ကုဋေ ရရှိရန် မျှော်မှန်းကြောင်း” ပြောကြားခဲ့ပါသည်။

 ယခင်နှစ်တွင် နွားကောင်ရေ ၁.၀၄ ကုဋေခန့် ရစ်ပူဇော်ခဲ့ပြီး ယခင်နှစ်များထက်ပိုများခဲ့ ကြောင်း တိရိစ္ဆာန်မွေးမြူရေးဝန်ဆောင်မှုဌာန၏ ခန့်မှန်းချက်အရ သိရပါသည်။ ပို့ဆောင်ရေး အဆင်‌ပြေလွယ်ကူစေရန်အတွက် အထူးရထားအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းဒေသတွင် လည်ပတ်မောင်းနှင်းမည်ဖြစ်ကြောင်း သိရပါသည်။ ဒါကာမြို့တွင် ဘာသာရေးဆိုင်ရာပွဲတော် များအတွက် အမဲသားစျေးကွက် ၁၉ ခုရှိကြောင်း Fairda ၏ အဆိုအရ သိရပါသည်။

Source: The Daily Star

DOCA(ရန်ကုန်)