
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးသီးနှံ အစေ့ထုတ်ပြောင်း(၈၈၉၃၁)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းကို ကန့်ဘလူ မြို့နယ်နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၄၅၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း၊ အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)