
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများ သော်လည်း ဟင်းသီးဟင်းရွက်များလည်းပေါများသောမြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများ သည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာ များတွင်စိုက်ပျိုးလာကြပါသည်။နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြ သော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်သီး၊ ကျောက်ဖရုံသီးတို့ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက် သတ္တပတ်အတွင်း ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ် ၃၀၀၀၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၂၀၀၀ ၊ ငရုပ်သီးစိမ်း(တစ်ဗူး) ကျပ်-၁၅၀၀၊ ပဲတောင့်ရှည်သီး (တစ်စည်းလျှင်) ကျပ်-၂၀၀၀၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)