Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော စကားဝါပန်း

Powered by Drupal

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူ ပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။

          စကားဝါပန်းသည် ဧပြီလကုန်တွင် စတင်ပွင့်ဖူးကာ စကားဝါပန်းသည် ရွှေဝါရောင်ရှိပြီး အခြား ပန်းများနှင့်မတူသော ပွင့်ဖတ်များလည်းရှိသည်ကို တွေ့ရှိရပြီး စကားဝါပန်း အဓိကပေါများ ပေါက် ရောက်သည်မှာ မြန်မာနိုင်ငံ၏ ထင်ရှားသော နေရာဒေသတစ်ခုဖြစ်သည့် ပုပ္ပါးတောင်တွင်ဖြစ်ပါသည်။ ထို့ကြောင့် လူအများက စကားဝါပန်းဟုဆိုလိုက်တာနဲ့ ပုပ္ပါးတောင်ကိုပြေးမြင်ကြသည် စကားဝါပန်း ပေါများလှသည့် ပုပ္ပါးတောင်သည် စကားဝါပန်းနှင့် ပုပ္ပါးတောင်ခွဲခြား၍မရနိုင်ဖြစ်ကြပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စကားဝါ ဈေးနှုန်းဖြင့် စကားဝါပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက် ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာ ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချ နေသော ပန်းသည် ထံမှ သိရှိရပါသည်။         

DOCA(စစ်ကိုင်း)