
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ဥယျာဉ်ကျေးရွာ၌ တောင်သူ(၆)ဦးမှ ပြောင်းစီးစိုက်ဧက(၅)ဧကခန့်အား ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)မှ စတင်၍စိုက်ပျိုး နေပြီဖြစ်ကြောင်းသိရသည်။
ဥယျာဉ်ကျေးရွာနေ တောင်သူဦးဇော်အောင်က ၎င်းအနေဖြင့် ပြောင်းစီး(၁)ဧကခန့်ကို ထွန်ကြောင်း ဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ မျိုး(၈)ထုပ်ခန့်ကုန်ကျပြီး (၁)ထုပ်လျှင် ကျပ်(၅၅၀၀၀)ဖြင့် မင်းလှမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှဝယ်ယူကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၇၅)ရက်အကြာ တွင် ခူးဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးစဉ်သက်တမ်းကာလအတွင်း မြေအောက်ရေကိုအသုံးပြု၍ ရေ(၇) ကြိမ်မှ (၈)ကြိမ်ထိသွင်းပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခ၊ ရေတင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၇၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က အဖူးရေ(၁၇၀၀၀)နီးပါးထွက်ရှိပြီး တစ်ဖူးလျှင် ကျပ်(၃၅၀)ဈေးရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅၂)သိန်းခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ပြောင်းဖူးဒိုင်သို့တင်သွင်းရောင်းချကြောင်း သိရသည်။
DOCA (မကွေး)