
ပိန္နဲသီးမျိုးတွင် အိမ်မာနှင့် အိမ်ပျော့ (၂)မျိုးရှိပါသည်။ ပိန္နဲသီးမျိုးသည် နှစ်ရှည်အပင်မျိုး ဖြစ်ပါသည်။ သဘာဝအတိုင်းစိုက်ပျိုးသည့် အပင်များမှာ (၈)နှစ်ခန့်ကြာမှသာ အသီးသီးပါသည်။ ကိုင်းကူး၊ ကိုင်းဆက်သည့် အပင်မျိုးမှာ (၃)နှစ်ခန့် အကြာတွင် အသီးသီးပါသည်။
ပိန္နဲသီးသည် အစိမ်းအားချက်ပြုတ်စားလျှင် အရသာမှာ နူးညံ့ပြီးစား၍ကောင်းမွန်ပါသည်။ မှည့်ချိန်တွင် အသီး၏အရသာမှာ ချိုမွှေးပြီး သရက်သီးကဲ့သို့ပင်စားကောင်းပါသည်။ ရင့်မှဲ့သည့် ပိန္နဲသီးများ၏အသားများကို သရေစာအဖြစ် စားသောက်ပြီးအတွင်းပိုင်းမှအစေ့များအား ပြုတ်၍ လည်းစားသောက်ကြပါသည်။ ရင့်မှဲ့သည့်ပိန္နဲသီးအစေ့များအား အပင်မျိုးအဖြစ်လည်း အသုံးပြု ကြောင်း သိရှိရပါသည်။
ပိန္နဲသီးများသည်ယခုအချိန်တွင် အစိမ်းလုံးများအား ရာသီစာအဖြစ်ဝယ်ယူစားသောက် ကြသဖြင့် အပင်တွင် အလုံးသေး၊ အလုံးညှပ်များအား ခူးယူပြီးဈေးကွက်အတွင်းရောင်းချရာတွင် အလုံးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှုန်းဖြင့်၎င်း၊ အလုံးကြီး တစ်လုံးအား အစိတ်ကလေးစိတ်ပြီး ပိန္နဲကွင်းများအားပြုတ်ပြီး တစ်ကွင်းလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်းရောင်းချနေကြောင်း သိရှိရပါသည်။