Main menu

အရောင်းသွက်သည့်ကုလားပဲ

Powered by Drupal

       မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ကုလားပဲသီးနှံမှာပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပ သို့ တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲသီးနှံ အပါအဝင် ပဲမျိုးစုံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၄၃၀၀၀ကျပ်၊ ကုလားပဲ (V-7) ၂၅၅၀၀၀ကျပ်နှင့် ၂၆၀၀၀၀ ကျပ်၊ကုလားပဲ (ထိုင်ဝမ်) ၂၂၇၀၀၀ကျပ်နှင့် ၂၂၈၀၀၀ကျပ်၊ ကုလားပဲ(929) ၂၃၅၀၀၀ ကျပ်နှင့် ၂၃၆၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၂၄၅ကျပ်၊ (V-7) ၄၄၅၄ ကျပ်နှင့် ၄၅၄၁ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၃၆ကျပ်နှင့် ၄၀၅၃ကျပ်၊ ကုလားပဲ(929) ၄၁၇၈ ကျပ် နှင့် ၄၁၉၆ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ တစ်ပိဿာလျှင် ကုလားပဲ(V-2) ၄၂၆၂ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၁၈ကျပ်စျေးတို့ဖြစ်သည့်အတွက် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကွာခြားမှုနည်းကြောင်း သိရပါတယ်။ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် အနည်းငယ်စျေးပြောင်းလဲမှုရှိပြီး စျေးကွက်အတွင်း ကုလားပဲမှာ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)