
မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးသည့်တိုင်းဖြစ်ပြီး၊သီးနှံကို မိုးမြေပဲနှင့်ဆောင်းမြေပဲအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊အထွက်နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလပထမပတ်အတွင်း ဖြစ်ပေါ် လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆံ (သစ်) ၉၇၀၀ကျပ်နှင့် ၁၀၀၀၀ ကျပ်၊ အနီလုံးဆံ ၈၆၀၀ကျပ်နှင့် ၈၉၀၀ကျပ်၊အနီလုံးဆံ(ရှည်)၈၃၀၀ ကျပ်နှင့် ၈၅ကျပ်၊ အနီဆီဆံ ၈၄၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ် ကာလတူပေါက်စျေးမှာ အနီလုံးဆံ ၆၆၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်း ယှဉ်ပါက ယခုနှစ် မြေပဲဆံပေါက်စျေးမှာ တစ်ပိဿာလျင် ၂၃၀၀ကျပ်ပိုမိုရရှိကြောင်းသိရပါတယ်။ မြေပဲ ဆံဝင်ရောက်မှု အပေါ်မူတည်၍စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်း ငယ်ပြောင်းလဲမှုရှိ ကြောင်း သိရပါ တယ်။ မြေပဲသီးနှံမှာ စားသုံးဆီကြိတ်ခွဲခြင်းနှင့် စားသောက်ကုန်အမျိုးမျိုးတို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်လိုအပ်ချက်များပြီး၊ ပြည်ပတင်ပို့သည့်စျေးကွက်ဝင် ဆီထွက်သီးနှံဖြစ်ကြောင်းသိရပါတယ်။
DOCA(မန္တလေး)