
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းကွက်သစ်သို့ စားသုံးသူ ရေးရာဦးစီးဌာန၊ တာဝန်ရှိသူများမှဦးစီး၍(၃.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကန်စွန်းဥ စိုက်ပျိုးခြင်းအား သွားရောက်လေ့လာခဲ့ပါသည်။ ကန်ဇွန်းဥစိုက်ပျိုးရန်အတွက် ပျိုးပင်အထုန်းများ ဝယ်ယူစိုက်ပျိုးရပါသည်။ ပျိုးပင်အထုန်း (၁)ထုန်းတွင် အပင်ရေ (၃၅၀-၄၀၀)အထိပါပြီး (၁)ထုန်းလျှင် (၇၅၀၀)ကျပ်ပေးရပါသည်။ (၁၅)ထုန်း စိုက်ပျိုးထားပြီး (၂)လခွဲကြာလျှင် တူးဖော်လို့ရ ပြီးဖြစ်သည်။ ပိဿာ (၃၅၀-၄၀၀)ပတ်ဝန်းကျင် ထွက်ရှိပါသည်။ ထွက်ရှိသည့် ကန်ဇွန်းဥများကို ပြည်၊ ဥသျှစ်ပင်၊ ရွှေတောင်ဈေးများ ဖောက်သည် ဈေး (၁၃၀၀)ကျပ်ပေးရသည်။ စိုက်ပျိုးသည့်အချိန်တွင် ပျိုးထုန်းများကို တယ်ထိုးပြီးအခင်းတွင် စိုက်ပျိုးလိုက်ယုံဖြစ်ပြီး ရေလောင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းစသည့် သွင်းအားစု ကုန်ကျစရိတ်မရှိပါ၊ အကျိုးအမြတ်အားဖြင့် (၃)သိန်း၊ (၃)သိန်းခွဲ ပတ်ဝန်းကျင်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)