ကြက်သွန်ဖြူ တစ်ပိဿာလျှင် ယခင်နှစ်က (၁၈၀၀၀ - ၂၀၀၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၅၀၀၀ -၁၆၀၀၀ -၁၈၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊အောင်ပန်းမှ ပုံမှန်အဝင်ရှိနေပြီး ဒေသတွင်းအရောင်းအဝယ်မှာလည်း ပုံမှန်ဖြစ်သည့်အတွက် ဈေးငြိမ်နေလျက် ရှိပါသည်။
အာလူးအနေဖြင့် အရွယ်အစားပေါ်မူတည်၍ ယခင်နှစ်က တစ်ပိဿာလျှင် (၂၅၀၀ -၂၆၀၀- ၂၇၀၀ -၂၈၀၀) ကျပ်ဈေးရှိပြီး ယခုနှစ်မှာတော့ တစ်ပိဿာလျှင် (၄၅၀၀-၅၀၀၀-၅၅၀၀) ကျပ်ဈေးရှိပြီး အဝင်ပါးကာ ဒေသတွင်း ဝယ်လိုအားကောင်းနေသည့်အတွက် ဈေးကောင်းလျက် ရှိပါသည်။
ငရုတ်သီးခြောက်အနေဖြင့် ယခင်နှစ်က တစ်ပိဿာလျှင် (၁၆၀၀၀-၁၈၀၀၀) ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ငရုတ်သီးခြောက်(အရှည်)တစ်ပိဿာလျှင် (၁၃၀၀၀-၁၅၀၀၀-၁၆၀၀၀ ကျပ်၊ (အပု) တစ်ပိဿာလျှင် ၁၈၅၀၀-၁၉၀၀၀-၂၀၀၀၀ ကျပ်ဈေးရှိပါသည်။ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်များကြီးမြင့်လာသည့်အတွက် စိုက်ပျိုးသူ တောင်သူများလျော့နည်းလာပြီး အထွက်နှုန်း လည်းနည်းလာသောကြောင့် ဈေးကောင်းအနည်းငယ်ရနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)