
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းသို့ ဖရဲသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဖရဲသီးကို လူတိုင်းနီးပါး ကြိုက်နှစ်သက် သည့်အတွက် နေရာဒေသအလိုက် အရာင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ဆောင်းအကုန် နွေအကူးတွင် ဖရဲသီးများ ထွက်ရှိပြီးရေဓာတ် ဖြည့်တင်းပေးသည့် အသီးဖြစ်သည့် အတွက် နွေရာသီရာသီနှင့် လိုက်ဖက်သည့် အသီးတစ်မျိုးလည်း ဖြစ်ပါသည်။ အလှူပွဲများတွင်လည်း ဖရဲသီးကိုအချိုပွဲအဖြစ် တည်ခင်းကျွေးမွေးကြပါသည်။
ပေါင်းတည် မြို့နယ် အတွင်း ရောင်းချလျှက်ရှိသည့် ကျောက်စိမ်းဖရဲနှင့် ဖရဲကြားသီးများကို ရွှေတောင်မြို့နယ်နှင့် ထုံးဘိုမြို့နယ် တို့မှ ဝယ်ယူရောင်းချကြောင်းသိရပြီး ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်း ယခု ဧပြီလ ပထမအပတ်တွင် အရွယ်အစားကိုလိုက်၍ ကျောက်စိမ်း ဖရဲသီး တစ်လုံးလျှင် (၃၀၀၀)ကျပ် မှ (၅၀၀၀)ကျပ်နှုန်း ၊ ဖရဲကြားသီး တစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၇၀၀၀)ကျပ်နှုန်းဖြင့် အသီးသီး ရောင်းချနေကြောင်းသိရပါသည်။
DOCA(ပဲခူး)