
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အိမ်ရှင်မများ ချက်ပြုတ်ရာ မီးဖိုချောင် အသုံးပြုသည့် လောင်စာများဖြစ်သည့် ထင်း၊ မီးသွေး ၊ လွှစာများကို စိုစွတ် သည့်မိုးရာသီတွင် အသုံးပြုလုပ်ရန် အတွက် ယခုလိုခြောက်သွေ့ရာသီတွင် ဝယ်ယူ စုဆောင်း ကြောင်းသိရပါသည်။
ယခု မတ်လစတုတ္တပတ်တွင် နတ်တလင်းမြို့နယ် လောင်စာဈေးကွက်အတွင်း မကျည်းသား မီးသွေး တစ်တင်းခွဲဝင် တစ်အိတ် (၁၆၀၀၀)ကျပ်၊ မကျည်သား နံပြား တစ်တင်းခွဲဝင် တစ်အိတ် (၈၀၀၀) ကျပ်၊ အင်သားထင်း ၇ချောင်းခန့်ပါ တစ်စီးလျှင် (၈၀၀)ကျပ်၊ လွှစာ တစ်တင်းခွဲဝင် တစ်အိတ် (၁၀၀၀) ကျပ်၊ မကျည်းသား ခွဲခြမ်း တစ်ချောင်း (၂၀၀)ကျပ် နှုန်း၊ ဂတ်စ် တစ်ပိဿာ (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)