Main menu

မကျည်းသီးမှည့်များ အထွက်ကောင်း၍ ဈေးကောင်းလည်းရရှိ

Powered by Drupal

     နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အိမ်တိုင်းလိုလိုတွင် နှစ်ရှည်ပင် မကျည်းသီးပင်များ စိုက်ပျိုးကြပါသည်။ ယခုအခါ ရာသီပေါ် မကျည်းသီးမှည့်ရည့်မှည့်ချိန် ဖြစ်ပါသည်။ မန်ကျည်းသီးမှည့် သည်အပူဒဏ်ကို ကောင်းစွာခံနိုင်ပြီး  အပူကိုအကြောင်းပြုဖြစ် သောရောဂါများ အပူလွန်များ အတွက်  အကိုးအားထားပြုရသော ဆေးဖက်ဝင် အစာအဟာရ တစ်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်း မှည့်သည် မြန်မာဟင်းလျာများ ချက်ပြုတ်ရာတွင် အလွန်အသုံးဝင်ပြီး  အစာလည်းဆေး ဆေးလည်း အစာ ဆိုသလို အိမ်ရှင်မများ၏ မီးဖိုချောင်တွင် နေရာယူထားသည့် ဆေးဖက်ဝင်သီးနှံလည်း ဖြစ်ပါသည်။

    ဇန်နဝါရီလ မကျည်းသီးမှည့်များ စတင်ထွက်ရှိချိန် တွင်အခွံချွတ်ပြီး တစ်ပိဿာ ငွေကျပ် (၅၅၀၀)နှုန်း၊ အစေ့ထွတ်ပြီးတစ်ပိဿာ ငွေကျပ် (၈၀၀၀) နှုန်းပေါက်ဈေးရှိခဲ့ပြီး ယခု ဧပြီလ ပထမအပတ်တွင် မကျည်းသီးများလှိုင်လှိုင်ထွက်သည့် အတွက်  အခွံချွတ်ပြီး တစ်ပိဿာ ငွေကျပ် (၄၀၀၀)နှုန်း၊ အစေ့ထွတ်ပြီးတစ်ပိဿာ ငွေကျပ် (၇၈၀၀) နှုန်းပေါက်ဈေးရှိသဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။  ယခုနှစ်တွင် မကျည်းသီးမှည့်များ အထွက်နှုန်း   ကောင်း၍ ဈေးကောင်းလည်းရရှိပါကြောင်း မကျည်းစိုက်တောင်သူများထံမှသိရပါသည်။

DOCA(ပဲခူး)