Main menu

ဟင်္သာတ ကုန်စည်ဒိုင်တွင် ဆောင်သီးနှံအစေ့ထုတ်ပြောင်း ဈေးကွက်ဝင်ရောက်

Powered by Drupal

   ဟင်္သာတခရိုင်တွင်အစေ့ထုတ်ပြောင်းကို  ဆောင်းသီးနှံအဖြစ်စိုက်ပျိုးပြီး မြေနုကျွန်းများ၊ သဲဆန်သော ကိုင်းမြေများ၊ မြစ်ကမ်းပါးများတွင်စိုက်ပျိုးကြပါသည်။ ယခု ၂၀၂၄ -၂၀၂၅  ခုနှစ် တွင် ဟင်္သာတ ခရိုင်၌ အစေ့ထုတ်ပြောင်းစိုက်ဧက ၁၅၃၈၃ ဧက စိုက်ပျိုးပြီး ယခင်နှစ်ကထက် ဧက သုံးထောင်ကျော် လျော့နည်း စိုက်ပျိုးခဲ့ပါသည်။

    ဟင်္သာတခရိုင်၏ အစေ့ထုတ်ပြောင်းပေါ်ချိန် ဧပြီလဆန်းသည် နွေရာသီဖြစ်သဖြင့် အခြောက်ခံ စက် မလိုပဲ တစ်နေပြရုံဖြင့် အစိုဓာတ် ၁၅ ရာနှုန်းကို ရရှိပြီး အရောင်လှ၍ အရည်အသွေးကောင်း သဖြင့် ဝယ်ယူသူကြိုက်သော ပြောင်းစိုက်ဒေသလည်းဖြစ်ပါသည်။ ယခု ၂၀၂၅ ခုနှစ် အစေ့ထုတ် ပြောင်းပေါ်ချိန် ဧပြီလဆန်းတွင် တစ်တင်းလျှင် ဟင်္သာတအထိုင်ဈေး ၃၃၀၀၀ ကျပ်ဈေးပေါက်ခဲ့ပြီး ယခင်နှစ်ကာလတူ ဈေးနှုန်းထက်  ၁၃၀၀၀ ကျပ်မြင့်တက်ပြီး ဈေးပိုရလျက် ရှိပါသည်။

     ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အစေ့ထုတ်ပြောင်းတစ်ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ မျိုးစေ့၊ မြေပြင်၊ ရေတင်၊ ပေါင်းလိုက်၊ သွင်းအားစု၊ ရိတ်ချွေအတွက် ကျပ်သိန်း၂၀ ခန့် ရှိပြီး ထွက်နှုန်းမှာ တစ်ဧက တင်း ၁၀၀ ခန့်ထွက်ရှိ၍ တစ်ဧက အကျိုးအမြတ်မှာ ၁၃သိန်း ဝန်းကျင်ခန့်ရှိသည့်အတွက် တောင်သူတို့ တွက် ချေကိုက်သော နှစ်လည်းဖြစ်ပါသည်။ မဟာသင်္ကြန်ကာလအပြီး ၂၀၂၅ ခုနှစ် ဧပြီ လ (၂၃) ရက်တွင် ဟင်္သာတ ကုန်စည်ဒိုင်၌ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် ဟင်္သာတအထိုင်ဈေး ၃၂၂၀၀ ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး အစေ့ထုတ်ပြောင်း စပေါ်ချိန် ဧပြီလဆန်း ဈေးနှုန်းထက် ၈၀၀ ကျပ်ခန့် ကျဆင်းခဲ့ပါသည်။

ဟင်္သာတကုန်စည်ဒိုင်တွင် ဧပြီလ တတိယသီတင်းပတ်မှစ၍  အစေ့ထုတ်ပြောင်း ပိဿာ (၃၀) အိတ် (၂၅၀၀) မှ (၃၀၀၀) ကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)