
မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးရှိသည် မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် အများသူငါများကို လက်ဆောင်အဖြစ်လည်းကောင်း၊ ကန်တော့ရာတွင်လည်းကောင်း လက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုး ဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊ ကျားအငံမုန့်၊ ဓနဟိန်း ပဲမုန့်၊ ဘဲဥမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။
ပဲမုန့်ဈေးနှုန်းအနေဖြင့် ၆-၅-၂၀၂၅ ရက်နေ့ ရောင်းချမှုဈေးနှုန်းမှာ ကျားပဲမုန့် ၁ထုတ် ၂၅၀၀ကျပ်၊ ကျားပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၅၀၀၀ကျပ်၊ ကျားပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၅၀၀၀ကျပ်၊ ကျားအငံမုန့် ၁ထုတ် ၂၇၀၀ကျပ်၊ ကျားအငံဘူးသေး ၆ထုတ်ပါ ၁၆၂၀၀ကျပ်၊ ကျားအငံဘူးကြီး ၁၀ထုတ်ပါ ၂၇၀၀၀ကျပ်၊ ကျားဘဲဥမုန့် ၁ထုတ် ၂၄၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၂၀၀၀ကျပ်၊ ကျားဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၄၀၀၀ကျပ်၊ ကျားကိတ်မုန့် ၁ထုတ် ၄၉၀၀ကျပ်၊ ကျားကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၄၇၀၀ကျပ်၊ ကျားဖရုံယို ၁ထုတ် ၂၆၀၀ကျပ်၊ ကျားဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး ယခင် ဖေဖော်ဝါရီလ ဈေးနှုန်းဖြင့် နှိုင်း ယှည်ပါက မုန့်အမျိုးအစားအလိုက် တစ်ခုကို ၅၀၀ကျပ် ဈေးမြင့်လာတက်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)