Main menu

၂၀၂၆ ခုနှစ်တွင် နိုင်ငံ၏ GDP ၅.၈ မှ ၆.၃ ရာခိုင်နှုန်း တိုးနိုင်ရန် မျှော်မှန်းဟု အင်ဒိုနီးရှားဝန်ကြီးပြောကြား

Powered by Drupal

   အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုရာခိုင်နှုန်းအနေဖြင့် ၅.၈ မှ ၆.၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း စီမံကိန်းဝန်ကြီး Rachmat Pambudy မှ တနင်္လာနေ့က ပြောကြားခဲ့သည်။

အစိုးရ၏ work plan အရ ၂၀၂၆ ခုနှစ်တွင် GDP တိုးတက်ရန် မျှော်မှန်းထားကြောင်း Rachmat က ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။

အစောပိုင်းကိန်းဂဏန်းများအရ  ယခုနှစ်အစောပိုင်းက စီးပွားရေး ၄.၈၇ ရာခိုင်နှုန်းတိုးတက်လာကြောင်း ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သောသုံးနှစ်ကထက် စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၂၄ မှစ၍ ၅.၀၃ ရာခိုင်နှုန်းမှစ၍ အနည်းငယ်စီ တိုးတက်လာခဲ့ရာ  ယခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားပြီး အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးဈေးကွက်ဖြစ်လာရန် မျှော်မှန်း ထားခြင်းလည်း ဖြစ်သည်။

နှစ်တစ်နှစ်၏ နှစ်လယ်ပိုင်းတွင် ကျင်းပမြဲဖြစ်သော အစိုးရနှင့် ပါလီမန် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲများ စတင်ခဲ့ပြိး မကြာမီ လာမည့်နှစ်အတွက် မူဝါဒ working plan ကိုပါ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။

Sources-reuters

DOCA (မန္တလေး)