Main menu

“မန်းကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးနှုန်း ဈေးကွက်”

Powered by Drupal

     မန္တလေးမြို့တွင်းသို့ မကွေးတိုင်းအတွင်းရှိ အောင်လံ၊အောင်တွင်း၊နတ်မောက်၊မကွေး၊ရေ နံချောင်းနယ်များမှ ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲများ ဝင်ရောက်မှုရှိသကဲ့သို့ စစ်ကိုင်း၊မင်းကွန်းနှင့် မန္တလေးတိုင်းအတွင်း ကျောက်ဆည်၊မြစ်သား၊ကျောက်ပန်းတောင်းနယ်များမှ မန်းကုန်စည်ဒိုင် အတွင်းသို့ ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲများဝင်ရောက်အရောင်းဝယ်လျက်ရှိပြီး အဆိုပါဆီထွက်သီးနှံ ကုန်ပစ္စည်းများကို မန္တလေးမြို့တွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် အစားအသောက်ကုန်ထုတ် ရောင်းချသည့်လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ဧပြီလ‌နောက်ဆုံးပတ် တွင် မန်းကုန်စည်ဒိုင်ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲ ဈေးကွက်အနေနှင့် နှမ်းနက်(၃)တင်းတစ်အိတ် လျှင် ၇၃၀၀၀၀ကျပ်၊ဆောင်းနှမ်း(၃)တင်းတစ်အိတ်လျှင် ၅၅၀၀၀၀ကျပ်၊ မြေပဲS1လုံးဆံ (၁)ပိဿာ လျှင်၉၇၀၀ကျပ်၊S1ဆီဆံ(၁)ပိဿာလျှင်၈၇၀၀ကျပ်၊Mတွဲဝန်းဆံ(၁)ပိဿာလျှင်၉၁၀၀ကျပ်၊ Mတွဲ ဆီဆံ(၁)ပိဿာလျှင် ၈၆၀၀ကျပ်၊အနီဆီဆံ (၁)ပိဿာလျှင် ၈၂၀၀ကျပ်၊ပြန့်ဆီဆံ (၁)ပိဿာလျှင် ၈၇၀၀ကျပ်တို့နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)