Main menu

ပခုက္ကူဈေးကွက်၌ ပဲစဉ်းငုံသီးနှံဈေးအနည်းငယ်ကျဆင်း အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် ပဲစဉ်းငုံသီးနှံများ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ သီးနှံပေါ်စ ဇန်နဝါရီ လတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပဈေးကွက် ဝယ်လိုအားနည်း၍ သီးနှံဈေးအေးပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မေလ(ပထမပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင်အိတ် (၂၀၀-၃၀၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

   ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် အရောင်းအဝယ်ဖြစ်သောဈေးနှုန်းမှာ ယခင် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် အမြင့်ဈေး ကျပ်(၉၃၀၀၀-၉၂၀၀၀)၊ မတ်လ တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၄၅၀၀-၉၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဧပြီလတွင် တစ်တင်းလျှင် ကျပ်(၉၃၀၀၀-၉၂၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုမေလ(ပထမပတ်) တွင် ပဲစဉ်းငုံတစ်တင်းလျှင် ကျပ်(၉၁၅၀၀-၉၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဧပြီလ (စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၁၅၀၀)ခန့်ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထား သော ပဲစဉ်းငုံနီများ ပြန်လည်ဖြန့်ဖြူးမှုများကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန်ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ်မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)