Main menu

ပခုက္ကူမြို့၊ မန်ကျည်းသီးဈေးကွက်၌ မန်ကျည်းမှည့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

    ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် မန်ကျည်းသီးများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ လက်ကားတစ်ပိဿာလျှင် ကျပ်(၃၈၀၀-၃၇၀၀)၊ အစေ့ လွတ် တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၉၀၀၀-၉၅၀၀)၊ လက်လီဈေး ကျပ်(၁၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဧပြီလ(ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း မန်ကျည်း မှည့်တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။

   မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ကုန်ဝင်မှုရှိသော်လည်း ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီ လုပ်ငန်းရှင်များမှလည်း အများအပြား ဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့်မန္တလေး မြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)