
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေစပါး ၂၀၀၃၀ ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းအရ သိရှိရသည်။ နွေစပါး စိုက်ရာတွင် ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်ကောင်းသော ထိုင်းနှံကောက်၊ ဆင်းသုခ ရက် (၉၀) စပါးများ စိုက်ပျိုးကြသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စိုက်ပျိုးခဲ့သည့် နွေစပါးခင်းများ စတင် ရိတ်သိမ်းနေပြီ ဖြစ်ရာ ပန်းတိုင်အထွက်တင်း ပြည့်မှီစေရန် ခေတ်မှီ ကောက်စိုက်စက်၊ ကြိုးတန်း စနစ်၊Durm Seeder အစေ့ချ စနစ်ဖြင့် စိုက်ပျိုးထားကြသည်။ ၂၀၂၅ ခုနှစ် မတ်လ နောက်ဆုံးပတ်တွင် နွေစပါးများ စတင်ရိတ်သိမ်းကြသည်။
နွေစပါးရိတ်သိမ်းသည့် လယ်ကွက်များတွင် နွေစပါး အထွက်တင်း(အစို)၁၁၄ တင်း ထွက်ရှိသည်ဟုလည်း သိရှိရသည်။ နွေစပါး ပေါ်ခါစ စပါးဈေးမှာ ၁၆၀၀၀၀၀ ခန့် ဈေးပေါက်လျက်ရှိသည်။ ဒေသဆန်တစ်အိတ် ၇၅၀၀၀ ကျပ်ဖြစ်ပြီး နွေစပါး အစောရိတ်သည့် တောင်သူများ စပါးရိတ်သိမ်းခါ တောင်ငူမြို့ပေါ်ရှိ ဆန်စက်များသို့ ပို့ကာ ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)