Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

                ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၁၅) ရက်နေ့မှ ဇွန်လ (၂၀) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင်၊ ဘီးလင်းမှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀၊ ပြင်လွင်ဦး မှ နဂါးမောက်သီး(အနီ) ဂျပ်ဖာ အလုံးကြီး ၁၆ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၁၈ လုံးပါ ကျပ် ၁၄၀၀၀၊ အလုံးသေး ၂၄ လုံးပါ ကျပ် ၁၁၀၀၀ ၊၃၂ လုံးပါ ကျပ် ၆၀၀၀၊ ရေး မှ ဒူးရင်းသီး အလုံးကြီးတစ်လုံး  ကျပ် ၇၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၃၀၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ အလုံးသေး ကျပ် ၅၀၀ မှ ၄၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံးသေး ကျပ် ၃၀၀ မှ ၂၀၀၊ သဲတော၊ တပ်ကုန်း၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ မန္တလေး၊ ကသာ၊ ရတနာပုံ မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံးကြီး ၉၀ လုံးပါ ကျပ် ၁၄၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၁၂၀ ပါ ကျပ် ၁၁၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၁၄၀ ပါ ကျပ် ၈၀၀၀၊ မန္တလေး၊ ရတနာပုံ မှ သရက်သီး (မချစ်စု) အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၁၃၀၀၀၊ ရှမ်းပြည်၊ ရပ်စောက် မှ သရက်သီး(စိန်တလုံး) ခြင်းကြီးတစ်ခြင်း  ၃၅ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၄၅ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးသေး ၆၀ လုံးပါ ကျပ် ၁၀၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီးဟင်း ရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)