
ပြည်ဈေးကွက်တွင် စားသုံးဆီဖြစ်သော မြေပဲဆီဈေးနှုန်းများမှာ ယခင်ရက်များ နှင့်စာလျှင် အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ပြည်မြို့အနေဖြင့် နှမ်းဆီထက် မြေပဲဆီကို စားသုံးမှုများခြင်း နယ်မြို့များမှလည်းဝယ်ယူမှုရှိခြင်းတို့ကြောင့်မြေပဲဆီဈေးများမြင့်တက်လာခဲ့သည်ဟုသိရပါသည်။ ဆီစက်များ အနေဖြင့်လည်းစားသုံးသူမှုပိုများသောမြေပဲဆီကိုသာကြိတ်ခွဲမှုများပါသည်။
မြေပဲဆီဈေးနှုန်းများအနေဖြင့် ယခင်မတ်လအတွင်းတွင် တစ်ပိဿာကို (၁၅၀၀၀-၁၆၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုဧပြီလဆန်းတွင် တစ်ပိဿာကို (၁၇၀၀၀) ကျပ်ဖြင့် ရောင်းချသဖြင့် တစ်ပိဿာကို (၁၀၀၀)ကျပ်ခန့် ဈေးပိုလာခဲ့ပါသည်။ ယခင်နှစ် ယခုလိုအချိန်တွင် မြေပဲဆီဈေးမှာ တစ်ပိဿာကို (၁၄၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် တစ်ပိဿာကို (၃၀၀၀)ကျပ်ခန့် ဈေးပို လာခဲ့ပါသည်။ ယခုနှစ်တွင် မြေပဲဆီဈေးများပိုမိုမြင့်တက်လာရခြင်းမှာ သင်္ကြန်ကာလနီးလာခြင်း၊ မြေပဲ လက်ကျန်နည်းလာခြင်း၊ စားသုံးမှုများလာခြင်းတို့ကြောင့် ဖြစ်သည်ဟုသိရပါသည်။
DOCA(ပဲခူး)