Main menu

ရာသီပေါ်ပိန္နဲသီးအနုနှင့် အမှည့်ဈေးနှုန်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ဈေးများတွင် သစ်သီးဝလံ၊ အသား/ငါး၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျား ရာသီပေါ်သီးနှံများကိုလည်း ရောင်းချလျက်ရှိပါသည်။ ပိန္နဲပင်များကို နေအိမ်ခြံများတွင် စားသောက်ရန်နှင့် ရောင်းချရန် စိုက်ပျိုးကြပါသည်။ပိန္နဲသီးမှာ အိမ်မှာနှင့် အိမ်ပျော့ဟူ၍ (၂)နှစ်ရှိသည်။ ဟင်းအဖြစ် ချက်စားရန် အတွက် ပိန္နဲသီးအစံမဝင်ခင် သီးကင်းအနုကို ခူးဆွတ်ကြောင်း၊ ပိန္နဲသီးအနုများကို သတ်သတ်လွတ် ဟင်းအဖြစ်လည်းကောင်း၊ အသားနှင့် တွဲ၍သော်လည်းကောင်း ချက်စားကြသည်။ ပိန္နဲသီးအနုသီး (၅)ကျပ်သား (၁)ထုတ်လျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချပြီး စော၍ သီးသော အသီးများရှိသောကြောင့် ပိန္နဲသီးမှည့် (၁၀)အိမ်ပါ တစ်ဘူးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရသည်။

DOCA(ပဲခူး)