Main menu

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

          ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၁.၅.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၀၄၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၀၂၂ အိတ် နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၂၀ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၉၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၁၅၀ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၁၉၅၀ ၊လတ်စအိတ်ရေ ၁၄၅၃၊ ၂၅မတ်ဆန်အိတ် ၁၄၅၃၊ ဆန်ကွဲအိတ်ရေ ၃၈၅၆၊ ဧရာဝတီတိုင်းမှ ရှယ်စ ၁၉၄၂ အိတ်၊ ဆန်ကြမ်းထိပ်စ ၂၁၄၅ အိတ်၊ လတ်စ ၁၅၉၆ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၉၆၂ နှင့် ဆန်ကွဲအိတ်ရေ ၄၂၁၀ တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          ယခင်လနောက်ဆုံးအပတ်နှင့် ယခုလ ပထမဆုံးအပတ်တို့တွင် ဆန်အိတ်ကုန်စည်ဒိုင်သို့ ဝင်ရောက်မှုမှာ ကွာခြားမှုမရှိကြောင်းနှင့်  ဆန်ဈေးနှုန်းများမှာလည်း ကွာခြားမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)