
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများအများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဧပြီလ (၂၉) ရက်နေ့ မှ မေလ (၅) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော တိုက်ကြီး မှ ကျွဲကောသီး ကျပ် ၃၅၀၀၊ ဘီးလင်း မှ ကနစိုးသီး တစ်တွဲ ကျပ် ၁၀၀၀၊ ကျိုက်ကော်မှ နာနတ်သီးတစ်လုံး ကျပ် ၄၅၀၀/၂၅၀၀/၁၀၀၀ ရေးမှ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၄၀၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ တစ်သေတ္တာ ကျပ် ၃၅၀၀၀၊ ဧရာဝတီတိုင်း၊ မန္တလေးမှ သင်္ဘောသီး ကျပ် ၅၀၀၀ /၂၀၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်လုံး ကျပ် ၅၀၀/ ၈၀၀၊ ဘားအံ မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၈၀၀၀/၅၀၀၀/၂၀၀၀၊ ရပ်စောက် မှ ဖရဲသီး (၈၅၅) ကျပ် ၂၀၀၀၀၊ ပုပ္ပါးမှ မာလာကာသီး အိတ်ကြီး တစ်အိတ် ၇၀၀၀၀ ကျပ်၊ ယိုးဒယားပန်းသီးတစ်သေတ္တာ ကျပ် ၁၅၀၀၀၀/၁၃၀၀၀၀၊ ဘီးလင်းမှ ပိန္နဲသီး ကျပ် ၃၀၀၀၀/ ၂၀၀၀၀/၁၀၀၀၀၊ ဧရာဝတီတိုင်းမှ မချစ်စု တောင်းတစ်တောင်း ကျပ် ၇၅၀၀၀/ ၅၀၀၀၀/ ၃၅၀၀၀၊ သရက်သီး(ရင်ကွဲ) ၄၀၀၀၀/၂၈၀၀၀/၁၈၀၀၀၊ တောင်ကြီး မှ သရက်သီး စိန်တစ်လုံး ဂျပ်ဖာ ၃၆၀၀၀/၂၀၀၀၀ ကျပ်တို့ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြှင့်တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)