
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ရောင်းဝယ်လျှက်ရှိသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင်များသို့ ဧပြီလ (၃၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် အဆမ တန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်မြင့်မြင့်ဆန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲမှူး သောင်းရွှေနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်၊ မြို့မရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်မှ ပိုင်ရှင်များနှင့် တွေ့ဆုံပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၂၇.၄.၂၀၂၅)ရက်နေ့၌ ရောင်းချလျှက်ရှိသော ဘိလပ်မြေ၊ အုတ်သဲ၊ ကျောက်၊ သံ အရောင်း ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ ဈေးနှုန်းအဆမတန် ရောင်းချသော အရောင်းဆိုင်များအား ညွှန်ကြားချက်နှင့် အညီ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆိုင်ပိုင်ရှင်များ အနေဖြင့် မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဆိုင်ရှိပစ္စည်း လက်ကျန်အခြေအနေနှင့် ဈေးနှုန်း တို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
DOCA(ရန်ကုန်)