
အညာဒေသရဲ့ လွမ်းစရာအညာစာလေးတစ်ခုဖြစ်ပြီး အပွင့်ကိုသုပ်စား၊ ကြော်စား၊ ပြုတ်စားတက်ကြသလို ရေနွေးကြမ်းအဖြစ်လည်း သောက်လေ့ရှိတက်ကြပါသည်။ သခွတ်ပွင့်ကိုစားသုံးပေးခြင်းဖြင့် သွေးသားတို့ကိုညီညွတ်စေခြင်း၊ ဘီပိုး၊ စီပိုးတို့ကိုနိုင်စေခြင်း၊ မြွေအဆိပ်ကိုကျစေခြင်း၊ အပွင့်ခြောက်ကို တို့စား၊ သုတ်စား၍လည်းကောင်း၊ ဟင်းအဖြစ် လည်းချက်စားသလို လက်ဖက်ခြောက်အစားထိုး ရေနွေးမှာခပ်သောက်လျှင်လည်း ဆီးချို၊ သွေးတိုး၊ လေငန်း၊ အသည်းရောဂါအမျိုးမျိုးတို့ကို ကြိုတင်ကာကွယ်နိုင်ပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချနေသောသခွက်ပွင့် ဈေးနှုန်းအနေဖြင့် သခွပ်ပွင့်ခြောက် ၁၀၀Kg လျှင် ၄၅၀၀ကျပ်ဈေးဖြင့်ရောင်းချကြပါသည်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ပေါက်ရောက်ကြ၍ အထုပ်တစ်ထုပ်လျှင် ၃၀၀ကျပ်ဈေးဖြင့် ဝယ်ယူကာစားသုံးနိုင်သော ဆေးဖက်ဝင် အစားအစာတစ်မျိုးဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)