Main menu

ပြည်မန်ကျည်းမှည့်ဈေးကွက်

Powered by Drupal

     ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်အစေ့လွတ်သစ်များမတ်လဆန်းမှစ၍ ဝင်ရောက်မှု ရှိပြီး ပြည်မြို့အနီးတဝိုက်ကျေးရွာများ၊ ရွှေတောင်၊ ပေါ်က်ခေါင်း နှင့် ပြည်အနောက်ဘက်ကမ်းရှိ ကျေးရွာများမှအဝင်ရှိနေပါသည်။ ပေါ်ခါစမတ်လဆန်းတွင် မန်ကျည်းမှည့် အစေ့လွတ်တစ်ပိဿာ လျှင် ၁၇၀၀၀-၁၆၀၀၀ကျပ်ရှိခဲ့ပြီး ယခုဧပြီလဆန်းပိုင်းတွင် မန်ကျည်းသီးမှည့်အစေ့လွတ် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဈေးဖြင့် ရောင်းဝယ်လျှက်ရှိနေပါသည်။ ယခုနှစ်လက်ကျန် မန်ကျည်း သီးမှည့်အစေ့လွတ် အဟောင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်ဈေးဖြင့် ဈေးကွက်ထဲတွင် အရောင်း အဝယ် ရှိနေပါသည်။

DOCA(ပဲခူး)