
တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Beijing Saite Holding Co., Ltd သည် ကမ္ဘောဒီးယားနိုင်ငံရှိ ရေနံစိမ်းသန့်စင်မှုတွင် ရင်းနှီးမြှုပ်နှံရန်နှင့် အကြွင်းအကျန်များမှ ထွက်ကုန်များထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ထုတ်ပြန်ခဲ့သည်။ ဥက္ကဋ္ဌ Zhu Yujiang သည် ၅-၅-၂၀၂၅ ရက်နေ့တွင် ငြိမ်းချမ်းရေးနန်းတော်၌ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် Hun Manet နှင့်တွေ့ဆုံစဉ် ကုမ္ပဏီ၏ စိတ်ဝင်စားမှုကို ဖော်ပြခဲ့သည်။ Zhu Yujiang က အဆိုပြုထားသော ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ အတွင်း ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့သည်။ ကဏ္ဍ အသီးသီးတွင် ကမ္ဘောဒီးယားနိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုကို လည်းချီးကျူးခဲ့ပြီး တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပိုမိုအားကောင်းပြီး လျင်မြန်စွာတိုးတက် နေသောပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေနပ်အားရကြောင်း Zhu Yujiang က ထပ်မံ ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံခြင်းတွင် စိတ်ဝင်စားမှုကို ကြိုဆိုဆိုခဲ့ပြီး ပြည်တွင်းသုံးနှင့် ပို့ကုန်နှစ်မျိုးလုံးအတွက် ကုန်ချောထုတ်လုပ်မှုကို မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှု များကိုပံ့ပိုးပေးသည့် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ မူဝါဒများနှင့် စီမံချက်များကို အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက် များနှင့် အခွင့်အလမ်းများကို ရှာဖွေရန်၊ ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းမျာကိုဆုပ်ကိုင်ရန် အသေးစိတ်လေ့လာမှုများပြုလုပ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)