
ပါကစ္စတန်နိုင်ငံတော်ဘဏ် (SBP) ၏ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေမှာ အမေရိကန် ဒေါ်လာ ၉ သန်း အထိတိုးလာကြောင်း ဗဟိုဘဏ်က မေလ ၂ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ ဧပြီလ ၂၅ ရက်နေ့က ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း SBP ၏ စုစုပေါင်း နိုင်ငံခြားငွေအရန်ငွေမှာဒေါ်လာ ၁၀.၂၁ ဘီလီယံခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုန်သွယ်မှုဘဏ်များမှ ထိန်းသိမ်းထားသော အသားတင်နိုင်ငံခြားအရန်ငွေသည် ဒေါ်လာ ၅.၀၄ ဘီလီယံဝန်ကျင်းရှိကြောင်း SBP မှ ထပ်မံပြောကြားခဲ့သည်။ တောင်အာရှနိုင်ငံမှ ပိုင်ဆိုင်သည့်နိုင်ငံခြားအရန်ငွေ စုစုပေါင်းသည် ဒေါ်လာ ၁၅.၂၅ ဘီလီယံ ခန့်ရှိကြောင်း ဘဏ်၏ထုတ်ပြန်ချက်အရသိရသည်။
Source : Xinhua
DOCA(ရန်ကုန်)